ဒီဇိုင်း
ကျွန်ုပ်တို့၏ BT Marineကုမ္ပဏီသည် ဝယ်သူတစ်ဦးချင်းစီ၏ ပရောဂျက်တစ်ခုစီအား ပရောဖက်ရှင်နယ်ကျစွာ သီးသန့် ဝင်ဆောင်မှုပေးလျှက်ရှိသည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် ဝယ်သူတစ်ဦးချင်းစီ၏ ရေယဉ်တိုင်းအား စိတ်တိုင်းကျဖြစ်အောင် သီးသန့် ဒီဇိုင်းရေးဆွဲပေးလျှက်ရှိသည်။ ပရောဂျက် တစ်ခုချင်းစီအား ရိုးစင်းသော shaftline စနစ်တွင် ရေလုံသောဆီများဖြင့်သင့်တော်မည်လား ဒါမှမဟုတ် ရှုပ်ထွေးသော propulsion စနစ်ဖြင့်မှသင့်တော်မည်လား စသည်ဖြင့် အသုံးပြုမည့် ဒိုင်မန်းရှင်းနှင့်လျှော်ညီစွာ ဂရုတစိုက်ဒီဇိုင်းရေးဆွဲပေးလျှက်ရှိသည်။
CAD နှင့် 3D software အသစ်အားအသုံးပြုတာကြောင့် မည်သည့်ဒီဇိုင်းမျိုးကိုမဆို ဝယ်ယူသူများ၏စိတ်တိုင်းကျဖြစ်အောင် ဝန်ဆောင်ပေးနိုင်ခြင်းဖြစ်သည်။ BT Marineသည် propeller မိုဒယ် ဆော့ဝဲအသစ်ကိုအသုံးပြုတာကြောင့် ပိုမိုတိကျသော propeller ဒီဇိုင်းများကိုထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ထို့အပြင် 3D software မိုဒယ်ကိုအသုံးပြုတာကြောင့် ကျွန်ုပ်တို့၏ ဒီဇိုင်းထုတ်လုပ်ရေး အဖွဲ့သည် အသုံးပြုမည့် apllication တိုင်းအတွက် သင့်တော်သော ရှုထောင့်နှင့် အသေးစိပ်များအား ပြုလုပ်ပေးနိုင်လျှက်ရှိသည်။
အင်ဂျင်နီရာရင်း
ဒီဇိုင်းရေးဆွဲပြီးနောက် ဒီဇိုင်းပုံများကို ဝယ်ယူသူများအားအရင်ဆုံးကြည့်ရှုစေမည်ဖြစ်သည်။ ထို့နောက် ဒုတိယအဆင့်အနေဖြင့် ကုန်ပစ္စည်းထုတ်လုပ်ခြင်းသို့ ဆက်လက် ထုတ်လုပ်မည်ဖြစ်သည်။ကျွန်ုပ်တို့၏ အလုပ်ရုံသည် အင်္ဂလန်နိုင်ငံတောင်ပိုင်းတွင်ရှိသည်။ BT Marine၏ စက်ကိရိယာများကို စက်အသစ်ဖြင့် လုပ်ထားကာ အရည်အသွေးမြင့်သော tailshafts နှင့် propeller များသာမက အရှုပ်ထွေးဆုံးဖြစ်သော propulsion system ၏ အစိတ်အပိုင်းများ ကိုပါ အရည်အသွေးမြင့်မားအောင် ထုတ်လုပ်ပေးနိုင်ပါသည်။ အစိတ်အပိုင်းများအား ထုတ်လုပ်ပြီးနောက် မတပ်ဆင်မီ တစ်ခုချင်းစီအား ၁၀၀% မှန်ကန်သေချာအောင် ဦးစွာ စီစစ်ပါသည်။ နောက်ဆုံးအနေဖြင့် အစိတ်အပိုင်းများအား ကြည့်ရှုစစ်စေးရေး ဌာန၌ သေချာစွာ တပ်ဆင်တာကြောင့် ကျွန်ုပ်တို့ကုမ္ပနီမှထုတ်လုပ်သော ရေယဉ်များ ဆိပ်ကမ်းသို့ ဆိုက်ရောက်ချိန်တွင် အခက်အခဲမရှိဘဲလွယ်ကူစွာ တပ်ဆင်အသုံးပြုနိုင်ခြင်းဖြစ်သည်။ ကုန်ပစ္စည်းများအား ပို့ဆောင်တပ်ဆင်ပေးပြီးနောက် BT Marine မှထပ်မံ၍ တပ်ဆင်ထားမှုများ မှန်ကန်မှုရှိမရှိ စစ်စေးဦးမည်ဖြစ်သည်။