BT Marine Propellers Ltd တို့အား ဈေးကွက်တွင်ဒီဇိုင်းနှင့် propeller ထုတ်လုပ်ရေး stern gear နှင့် underwater hardware ထုတ်လုပ်ရာတွင် အရည်အသွေးမြင့်သော ကမ္ဘာ့ပင်လယ်ကူးသင်္ဘောဈေးကွက် ၏ အဓိကထုတ် လုပ်သူများအဖြစ်သတ်မှတ်ထားပြီ ဖြစ်သည်။ ကျွန်ုပ်တို့ဟာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် သင်္ဘောကျင်း များကို တစ်ကမ္ဘာလုံးတွင် ပုဂ္ဂိုလိက သင်္ဘောလုပ်ငန်းများသာမက ရေတပ်သင်္ဘောများ နှင့် တစ်ကိုယ်ရည်သုံး ရေယဉ်များကို လည်းရောင်းချနိုင်ခဲ့ပြီဖြစ်သည်။
BT Marine မှဝယ်ယူသူများ၏စိတ်တိုင်းကျ ဝန်ဆောင်ပေးနိုင်သလို သင်္ဘောဒီဇိုင်းနှင့် နည်းပညာများကို စုံလင်စွာထားရှိကာ ဝယ်ယူသူများ၏ စိတ်တိုင်းကျ ကုန်ပစ္စည်းအတိုင်း ရရှိရန်လည်း အာမခံပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ စက်မှုပိုင်းဆိုင်ရာ ပရောဖက်ရှင်နယ်အဖွဲ့သည် propellers၊ shaft၊ couplings၊ stern tubes၊ seals၊ nozzlesနှင့် ruddershaft line အတွဲများအပါအဝင် shaft line၏ စနှစ်တကျ ဖွဲ့စီးလှုပ်ရှားမှု စနစ်တွင် ဒီဇိုင်းရေးဆွဲခြင်း ၌ နှစ်ပေါင်းများစွာအတွေ့အကြုံရင့်ကျက်ပါသည်။
BT Marine ၏ အဓိကရည်ရွယ်ချက်မှာ ၃၀၀မီလီမိတာအခြင်းရှိ shaft နှင့် ၄,၀မီတာအချင်းရှိ propeller packet propulsion များဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်း ဖြစ်သည်။
ကျွန်ုပ်တို့ကုမ္ပဏီမှ ဥရောပရှိအဓိကဆိပ်ကမ်းအများစုအတွက် အရွယ်အစားသေးသော သင်္ဘောများမှစ၍ ပေ၃၀၀အချင်းရှိသောသင်္ဘောများအတွက် စံချိန်မျိုးစုံရှိသော propeller များအား ဖြည့်ဆည်းပေးလျှက်ရှိသည်။
ကျွန်ုပ်တို့၏ အလုပ်ရုံမှ အရေးပေါ်အခြေအနေများအတွက်လည်း အစုံလင်ဆုံးပစ္စည်းကိရိယာများ ထားရှိကာ အမြန်ဆန်ဆုံးဖြစ်အောင် ဝင်ဆောင်မှုပေးလျှက်ရှိသည်။