BT မာရိန်း၏ အဓိကအကျဆုံးဝန်ဆောင်မှုမှာ မိတ်ဆွေ၏ ရေယာဉ်အတွက် ပြီးပြည့်စုံသော ရှေ့တွန်းအားစနစ်ကို ဒီဇိုင်းထုတ်ခြင်း၊ ထုတ်လုပ်ခြင်း နှင့် ထောက်ပံ့ခြင်းတို့ဖြစ်ပါသည်။
BT မာရိန်းသည် ဂီယာအုံမှစတင်ပြီး ပေါင်းစပ်အစိတ်အပိုင်းများဖြစ်သော စတန်းကျု့၊ ရှပ်ဘရက်ကတ်၊ ပန်ကာ၊ ရူဒါ နှင့် စတီယာရင်လက်တံများအထိ အလုံးစုံကိုထုတ်လုပ်ပါသည်။ ထိုမျှမက ရမ်များ၊ ပန့်များ နှင့် ထိန်းချုပ်မှုများအားလုံးပါဝင်သော ပြီးပြည့်စုံသည့် ဟိုက်ဒရောလစ်စတီယာရင်စနစ်ကိုလည်း ရောင်းချ ပေးနိုင်ပါသည်။
မိတ်ဆွေ၏ ရေယာဉ် ဒီဇိုင်းကိုသာပေးခြင်းဖြင့် ခုခံအားဒေတာတာ ပေါ်မူတည်ပြီး ရေယာဉ်ကို ဒီဇိုင်းထုတ်ထားသူ၏ စိတ်ကူးနှင့် ကိုက်ညီပြီး အကောင်းဆုံး ပါဝါ နှင့် ရှပ်အရှိန်ကို အတည်ပြု ရွေးချယ်ပေးနိုင်သလို အသုံးပြုရန်အတွက် အကောင်းဆုံး ရှေ့တွန်းအားစနစ်ကိုလည်း ဒီဇိုင်း ထုတ်ပေးနိုင်ပါသည်။
BT မရိန်းအနေဖြင့် ဆက်စပ်ပစ္စည်းအားလုံးကို ကုမ္ပဏီအတွင်းမှာပင် ဒီဇိုင်းထုတ်၊ ထုတ်လုပ်နိုင်စွမ်းရှိပြီး စနစ်၏အခြားအစိတ်အပိုင်းများနှင့် ဟန်ချက်ညီညီအသုံးပြုနိုင်စေရန်အတွက် ဒီဇိုင်းထုတ်နိုင်စွမ်းလည်း ရှိပါသည်။ ပန်ကာ နှင့် ရေအောက်သုံးကုန်မာများဖြစ်သည့် ဘရက်ကတ် နှင့် နော်ဇယ်များသည် ပန်ကာအတွင်းသို့ အကောင်းဆုံးရေစီးဝင်ပုံစံဖြင့် ဝင်ရောက်အောင် ရူဒါကို ပြုလုပ်ထားနိုင်ပါသည်။ ယင်းသို့ပြုလုပ်ထားခြင်းအားဖြင့် အကောင်းဆုံးစွမ်းဆောင်ရည် နှင့် ရလဒ်ကို ရနိုင်စေပြီး အကောင်းဆုံး ပြုလုပ်ထားသော ပက်ကေ့ခ်ျဖြစ်ကာ ကုန်မှာစာတစ်စောင်တည်း ဈေးနှုန်းသက်သာစွာဖြင့် ပေးပို့ ပေးနိုင်ပါသည်။