BT Marine ဆိုသည်မှာ အလူမီနီယမ် ROV Thruster နှင့် Propeller (ပန်ကာ)များ ထုတ်လုပ်ဖြန့်ချီနေသော ကမ္ဘာအကြီးဆုံး ကုမ္ပဏီဖြစ်ပါသည်။
ကျွန်ုပ်တို့ကုမ္ပဏီမှ အော်ဒါမှာယူသော် ဒီဇိုင်းများကိုလည်းပြုလုပ်ပေးပါသည်။ အရည်အတွက်နည်းနည်းဖြင့် မှာယူသော အော်ဒါများသာမက အရည်အတွက်များသော အော်ဒါများကိုလည်း အရေအသွေးမြင့်မားစွာ နှင့်ဈေးနှုန်းချိုသာစွာ ထုတ်လုပ်ပေးပါသည်။
ကျွန်ုပ်တို့၏ ဒီဇိုင်းများမှာ နှစ်ပေါင်းများစွာသောအတွေ့အကြုံများမှ ရရှိကာ ရေအောက်ပန်ကာများမှာလည်း ပတ်ဝန်းကြင်အခြေအနေတိုင်းတွင် သင့်တော်စွာအသုံးပြုနိုင်ပါသည်။
Application များမှာ လွယ်ကူစွာအသုံးပြုနိုင်သော manoeuvring များ၊ အရပ်မျက်နှာ ပဲ့ကိုင်ထိန်းချုပ်ခြင်း၊ စစ်တပ်ပိုင်းတွင်အသုံးပြုနိုင်သည့် အသံဆူညံခြင်းနည်းပါးသောစက်များ၊ တွန်းကန်အားကိုအနောက်သို့ ပြောင်းလဲ ထားသော covert backpack propulsion နှင့် အခြား application များစွာရှိပါသည်။
ကျွန်ုပ်တို့၏ ရေအားအသုံးပြု dynamic modelling နှင့် simulation ဆော့ဝဲကို အသုံးပြုကာ ဈေးကွက်တွင် တွင်ကျယ်သော optimisation နည်းပညာကြောင့် သင်ဝယ်ယူထားသော BT Marine Thruster Propeller ဟာသင်လိုချင်သော စွမ်းဆောင်ရည်ကို ပေးနိုင်မှာဖြစ်ကြောင်း ကျွန်ုပ်တို့မှအာမခံပါတယ်။
ကျွန်ုပ်တို့ဟာ propeller များကို လျှပ်စစ်ဓာတ်သုံး propeller များသာမက hydraulic thruster များပါထုတ်လုပ်ပါသည်။ ဒါ့အပြင် မှာယူသော ဒီဇိုင်းအတိုင်း တွန်းအားမြင့်၍ အသံဆူခြင်းနည်းသော nozzle များကိုလည်း အမျိုးမျိုးသောသတ္တုများမှ အလူမီနီယမ် ဂီယာဘောက်နှင့် မော်တာ housing များကိုလည်းပြုလုပ်ပေးပါသည်။
ကျွန်ုပ်တို့၏ propeller များကို ခိုင်ခန့်သော အလူမီနီယမ်များဖြင့် ဖုံးအုပ်ထားသော ဒီဇိုင်းအနေဖြင့်သာမက အလူမီနီယမ်မပါသော ဒီဇိုင်းများလည်းပြုလုပ်ပေးနိုင်ပါသည်။ ထို့အပြင် မြင့်မားသော စွမ်းအင်သုံးသောအခြေအနေ (high power application) များအတွက်လည်း CU-3 Nickel Aluminium Bronze ကိုဖြည့်ဆီးပေးနိုင်ပါသည်။